ကိုယ်ဝန်ဆောင်စ Morning sickness

ကိုယ်ဝန်ဆောင်စ Morning sickness အကြောင်း သိကောင်းစရာ


ကျွန်မတို့ အမျိုးသမီးတွေဟာ ကိုယ်ဝန်စဆောင်ပြီဆိုတာနဲ့ Morning sickness ဆိုတဲ့ ဝေဒနာကို ခံစားကြရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀ မှာ ၇၀ က ဒီ ဝေဒနာကို ရှောင်လွှဲလို့မရပါဘူး။ ကိုယ်ဝန်ဆောင်ကာလကို အပိုင်း ၃ ပိုင်း ခွဲခြားသတ်မှတ်ထားရာမှာ first semester ဖြစ်တဲ့ ကိုယ်ဝန်စရှိချိန်မှ ပထမ ၃ လအတွင်း ဆိုးဆိုးရွားရွားခံစားရလေ့ရှိပါတယ်။
တချို့ကိုယ်ဝန်ဆောင်တွေ ဒီ့ထက်ပိုတဲ့ ကာလကို ဖြတ်သန်းရပါသေးတယ်။
ဥပမာ ။ ကိုယ်ဝန်ဆောင်စဥ်ကာလတလျှောက်လုံး အစားပျက်နေတာမျိုး။ဒါကဖြစ်တောင့်ဖြစ်ခဲ အခြေနေတခုပါ။


နောက်ထပ် ဖြစ်လေ့ရှိတာက Morning sickness ကို မေမေက မခံစားရပဲ ဖေဖေ့ဆီမှာ ဒီ ဝေဒနာ ဖြစ်နေတတ်တယ်နော်။

Morning sickness ဖြစ်ရင် ဘယ်လိုတွေ ခံစားရလဲ?


● မနက်အိပ်ယာထချိန်မှာ ပျို့အန်မယ်။
● ဘာအစားအစာမှ အနံ့မခံချင် တချို့ဆို အသံပါမကြားချင်လောက်အောင် အစားပျက်မယ်။
● ရင်ဘတ်ထဲမှာ မအီမသာရင်ပြည့်သလိုအမြဲတမ်းဖြစ်နေမယ်။ တံတွေးမကြာခန ထွက်မယ်။ ရေသောက်ရင်တောင် ပျို့အန်ချင်   တဲ့စိတ်က ထိန်းမရဘူး။
● အိပ်ယာထဲမှာပဲ လဲနေခွေနေချင်တယ်။
● လူတကိုယ်လုံး အားမရှိသလိုခံစားနေရပြီ။

ဒါဆိုရင်တော့ သေချာပြီ။မေမေ Morning sickness ကိုခံစားနေရပါပြီ

သက်သာဖို့ နည်းလမ်းမရှိဘူးလား?

ကျန်းမာရေးဝန်ထမ်း သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး လမ်းညွှန်မှုခံယူနိုင်သလို ကိုယ်ဝန်ဆောင်သောက်လို့ရတဲ့ အအန်ပျောက်ဆေးမှီဝဲလို့ရပေမယ့် အစားပျက်တာကိုတော့ ကာလတခုထိ သင်ခံစားနေရဦးမှာပါ။ဒါပေမယ့် စိတ်မပျက်သွားပါနဲ့ မေမေ။
Baby လေးအတွက် လိုအပ်တဲ့ အာဟာရကိုပြတ်လပ်မသွားအောင် သဘာဝတရားကြီးက ဖန်တီးပေးထားပါတယ်။ ကာလလေး တခု သည်းခံလိုက်တာနဲ့ ဘာစားစား စားမလောက်တဲ့ လက်ဆောင်ကို သဘာဝကြီးက သင့်ကိုပေးဦးမှာပါ။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီပြသနာစဖြစ်ပြီဆိုတာနဲ့ ငါ့ရင်သွေးလေးအတွက် သည်းခံပြီး ရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ အတွေးလေးနဲ့ အားတင်းရှေ့ဆက်ပါမေမေတို့ရေ။Baby လေးအပြင်ရောက်လာချိန်ကျ ဒါလေးတွေက အမှတ်တရအဖြစ်အပျက်လေးတွေ ကြည်နူးစရာလေးတွေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်နော်။

သားသားမီးမီးကို ကိုယ်ဝန်ဆောင်ထားတုန်းက မေမေက ဘာစားချင်တာ။ဖေဖေက ဘယ်လိုဝယ်ပေးခဲ့ရတာဆိုပြီး ပြန်ပြောပြရတဲ့အချိန်က မိခင် မေတ္တာကို ပိုပြီး ပုံပေါ်စေသလို ဖခင်ဆိုတာ ကလေးဗိုက်ထဲမှာကတည်းက ဦးနှောက်နဲ့ ကိုယ်ဝန်ဆောင်ခဲ့ကြရတဲ့သူဖြစ်ကြောင်း သားသားမီးမီးတို့နားလည်အောင် Morning sickness က ကူညီပေးနိုင်ပါလိမ့်မယ်။

ရေးသားသူ- Nann Ni Ni Htun(Mom Content Writer)

Previous
Previous

{You are the best MOM } Vol.1

Next
Next

ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်ခြင်း