ကလေးတွေကို sexual Harassment ကကာကွယ်ဖို့

How to protect child from sexual Harassment?

ယ​နေ့​ခေတ်မှာကျွန်မတို့​နေ့စဥ်နဲ့အမျှကြား​နေရတာက Sexual Harassment လုပ်ခံရတာဘဲဖြစ်တယ်။ လူ​တော်​တော်များများက ငယ်စဥ်ဘဝကဖြစ်ဖြစ်အရွယ်​ရောက်ချိန်ဖြစ်ဖြစ် Sexual Harassment လုပ်ခံခဲ့ရတာများပါတယ်။

အင်တာနက်​တွေမထွန်းကားခဲ့တဲ့အချိန်ကာလ​မှာ​တောင် ဒီ​လောက်များ​နေရင်အခုလို Social Media ​တွေထွန်းကား​နေတဲ့အချိန်မှာဆိုရင် online​ ပေါ်က​နေ Sexual Harassment လုပ်ခံ​နေရတာ​တောင်ရှိပါ​သေးတယ်။ ဒီကိစ္စ​က​တော့ လူ​တွေအမြင်မှာ ထူးဆန်းတဲ့ကိစ္စမဟုတ်​ပေမဲ့ တကယ်ခံရတဲ့သူ​တွေက​တော့ တစ်ဘဝစာ စိတ်ဒဏ်ရာအကြီးကျယ်​ရသွားတတ်ပါတယ်။

Sexual Harassment လုပ်ခံရသူအများစုဟာ ငယ်စဥ်က​လေးဘဝ​တွေမှာလုပ်ခံရတာဖြစ်တယ်။ ငယ်ငယ်က ကိုယ့်အိမ်နီးနားချင်း၊ ကိုယ့်ပတ်ဝန်းကျင်က​ လူ​တစ်ချို့ဆီက​နေ Sexual Harassment လုပ်တာခံကြရတာများပါတယ်။ အဲ့​တော့​မေ​မေတို့အ​နေနဲ့ကိုယ့်က​လေး ဘဝတစ်​​လျှောက်စိတ်ဒဏ်ရာမရ​အောင် ကိုယ်အ​နေနဲ့ပြုစုပျိုး​ထောင်ဖို့အရမ်းအ​ရေးကြီးပါတယ်။

ဒီ​နေ့မှာ​တော့ က​လေး​တွေကိုsexual harassmentရန်က​နေကာကွယ်ဖို့ဘယ်လိုသင်ကြား​ပေးရမယ်ဆိုတဲ့နည်းလမ်း​တွေမျှ​ဝေ​ပေးပါမယ်။

(၁) က​လေး​တွေကိုလွတ်မထားပါနဲ့။

တချို့မိဘ​တွေရှိပါတယ် က​လေး​တွေငြိမ်ရင်ပြီး​ရောဆိုပြီးဖုန်းနဲ့ဘဲအချိန်ကုန်​စေတာမျိုး၊ က​လေး​တွေကိုအချိန်မ​ပေးတာမျိုး ၊ က​လေး​တွေရဲ့​နေ့စဥ်ဘဝဖြတ်သန်းမှုကို ဂရုမစိုက်တာ​တွေက အရမ်းမှားယွင်းပါတယ်။ မိဘ​တွေအ​နေနဲ့က​လေး​တွေဘာ​တွေကြည့်​နေလည်း ဘယ်သူ​တွေနဲ့အဆက်သွယ်ရှိတာမျိုးဆိုတာ​တွေကို ​စောင့်ကြည့်​နေရပါမယ်။

(၂)က​လေး​တွေကိုသူတို့အသက်ရွယ်နဲ့ကိုက်ညီမယ့်အသိပညာအမြဲမျှ​ဝေပါ။


ကျွန်မတို့ပတ်ဝန်းကျင်မှာကြုံ​နေရတာက မိဘ​တွေ​တော်​တော်များများက က​လေး​တွေကိုငယ်​သေးတယ်စိုးရိမ်စရာမရှိဘူးဆိုပြီးဘာအသိပညာမှမမျှ​ဝေတာပါ။အမှန်​တော့က​လေး​တွေကို ​သူတို့သိရမယ့်​ရှောင်ရမယ့်အရာ​တွေကိုသင်ထား​ပေးသင့်တယ်။ ဥပမာ- သူစိမ်းဖြစ်​စေ ရင်းနှီးသူများကဖြစ်​စေမိမိ၏ခန္ဓာကိုယ် Private Area အား ထိ​တွေ့ကိုင်​တွယ်ဖို့ကြိုးစားပါက ငြင်းဆန်ရန်, မကြိုက်​ကြောင်း​ပြောဆိုရန်၊ ငြိမ်မခံရန် သတိ​ပေးရပါမယ်။

(၃) က​လေးများကိုသတ္တိရှိ​အောင်ပျိုး​ထောင်ပါ။


မိမိတို့၏က​လေးအား ကိုယ့်အားကိုယ်ကိုးတတ်​စေရန်နှင့် ယုံကြည်မှုရှိလာ​စေရန်ပြုစုပျိုး​ထောင်ပါ။ အဓိက​အရာက​တော့ မိဘ​တွေကက​လေး​တွေနဲ့အမြဲတမ်း ထိ​တွေ့​နေပါ။ ကိုယ့်သားသမီး​တွေရဲ့ဘဝ​ လှပဖို့ထုဆစ်တဲ့ကိုယ့်အ​ပေါ်မှာအများကြီးမူတည်ပါတယ်။ ကိုယ်ပျိုး​ထောင်ကောင်းရင်​ကောင်းသလို ကိုယ့်က​လေးဘဝ​တွေပိုလှ​လေ ပိုပြီး ​ချော​မွေ့​လေဖြစ်ပါတယ်။

ရေးသားသူ - Se Myar (Mom Content Writer)
#HowToProtectChidFromSexualHarassment
#ProtectYourChild


Previous
Previous

ကလေးငယ်နှင့် အိမ်သာအလေ့အကျင့်

Next
Next

You are the best MomVol.2