ရွှေဖရုံသီးနှင့်ကလေးဖြည့်စွက်စာပြုလုပ်နည်း
ရွှေဖရုံသီးဟာ ကလေးဖြည့်စွက်စာစကျွေးတဲ့ ၆လအရွယ် ကနေပြီးကျွေးလို့ရတယ် အသီးအနှံတစ်မျိုးဖြစ်ပြီး၊ သဘာဝအချိုဓာတ်ရှိတာကြောင့် ဘေဘီလေးတွေအတွက်အထူးသင့်တော်ပါတယ်။ ဒီဆောင်းပါးလေးမှာ ရွှေဖရုံသီးနဲ့ ဖြည့်စွက်စာပြုလုပ်နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။
ကလေး ၆လအရွယ်မှစကျွေးလို့ရမယ် ရွှေဖရုံသီးဖြည့်စွက်စာပြုလုပ်နည်း
လိုအပ်တဲ့ပစ္စည်း
ရွှေဖရုံသီး -15g
ရေနွေး - အနည်းငယ်
ပြုလုပ်နည်း
1. ရွှေဖရုံသီးကို ပျော့လာတဲ့အထိ ပြုတ်၊ပေါင်း ပေးပါ။
2. ပြုတ်ပြီးရလာတဲ့ ရွှေဖရုံသီးကို ချေပေးပါ
3. ချေထားတဲ့ရွှေဖရုံသီးကို ရေနွေးရောပြီး ကလေးစားရလွယ်မယ့်အနေအထားကိုခန့်မှန်းပါ။
ရွှေဖရုံသီး soup
ရွှေဖရုံသီး -15g
ဖျော်ထားတဲ့ formula -30ml
ပြုလုပ်နည်း
1. ရွှေဖရုံသီးးကိုပြုတ်ပြီး ချေထားပါ။
2. ချေထားတဲ့ဖရုံသီးကို ဖျော်ထားတဲ့ formula နှင့် ရောပြီး သမအောင်မွှေပေးပါ။
ကလေး အသက် 7-8လအရွယ်အတွက် ရွှေဖရုံသီးဖြည့်စွက်စာ ပြုလုပ်နည်း
လိုအပ်တဲ့ပစ္စည်း
ပေါင်မုန့် - 15g
ရွှေဖရုံသီး - 20g(ပြုတ်၍ချေထားသော)
ပန်းပွင့်စိမ်း - 10g နှို့ -60cc
ပြုလုပ်နည်း
1. ပေါင်မုန့် ဘေးသားတွေကိုဖယ်ပြီး အတုံးသေးလေးတွေလှီးထားပါ။
2. ပန်းပွင့်စိမ်းကိုပြုတ်ပြီး၊ လှီးထားပါ။
3. အိုးထဲကို နို့ထည့်ပြီး၊ လှီးထားတဲ့ပေါင်မုန့်တွေကိုထည့်ပါ။
4. ပေါင်မုန့်ကို ဇွန်းဖြင့်ဖိချေပေးပါ။ ချေထားတဲ့ဖရုံသီးနဲ့ ပန်းပွင့်စိမ်းကိုထည့်ပြီး မီးမျှင်းမျှင်းနဲ့ တည်ပေးပါ။
ရွှေဖရုံသီး Sandwich
လိုအပ်တဲ့ပစ္စည်း
ပေါင်မုန့် - 1ချပ်
ရွှေဖရုံသီး - 20g
နို့- 5ml
ပြုလုပ်နည်း
ချေထားတဲ့ရွှေဖရုံသီးအနှစ်ကို နို့နဲ့ရောပြီးမွှေပြီး၊ ရလာတဲ့အနှစ်ကို ပေါင်မုန့်မှာသုတ်ပြီး ကလေးစားရလွယ်မယ့် အရွယ်အစားလေးတွေလှီးပေးပါ။
ကလေး အသက် 11-12လအရွယ်အတွက် ရွှေဖရုံသီးဖြည့်စွက်စာပြုလုပ်နည်း
ရွှေဖရုံသီး ကတ်သလိပ်
ပါဝင်ပစ္စည်း
ရွှေဖရုံသီး -50g
Baby cheese - အနည်းငယ်
ပေါင်မုန့်ခြောက် - 50g ပြုလုပ်နည်း
1.ပြုတ်ထားတဲ့ ရွှေဖရုံသီးကို ချေပြီးအလုံးလေး ၆လုံးလုံးထားပါမယ်။
2. အိုးမှာ ပေါင်မုန့်ခြောက်မှုန့်တွေကို အညိုရောင်သန်းခါနီးအထိ လှော်ပေးပါ။
3.ရွှေဖရုံသီးအလုံးထဲကို လှီးထားတဲ့ baby cheese ကိုထည့်ပြီး လုံးပေးပါ။
4.လုံးထားတဲ့အလုံးတွေကို လှော်ထားတဲ့ ပေါင်နုန့်ခြောက်ဖြူးပေးရင်ရပါပြီ။ (ကလေးကိုဆီကြော်မကျွေးချင်တဲ့အတွက် ပေါင်မုန့်ခြောက်ကိုလှော်ပြီးဖြူးပေးတာပါ။ ရွှေဖရုံသီးမှာပေါင်မုန့်ခြောက်ကပ်ပြီး ဆီနည်းနည်းနှင့်ကြော်ပေးလည်းရပါတယ်။)
ရွှေဖရုံသီးပူတင်း
ပါဝင်ပစ္စည်း
ရွှေဖရုံသီး -200g
ကြက်ဥ - 1 နွားနို့ - 200ml
သကြား - အနည်းငယ်
ပြုလုပ်နည်း
1. ပြုတ်ထားတဲ့ ရွှေဖရုံသီးကို ကြက်ဥနဲ့ ရောမွှေပေးပါ။
2.ပန်းကန်တစ်ခုထဲမှာ နွားနို့နဲ့ သကြားကိုထည့်ပြီး microwave မှာအပူပေးပါ။
3. အပူပေးထားတဲ့နွားနို့ထဲကို 1 ကိုနဲနဲချင်းထည့်ပြီး သမအောင်မွှေပေးပါ။
4.ရလာတဲ့အရည်ကို ရေနွေးငွေ့ဖြင့်15~20 မိနစ်ခန့်ပေါင်းပေးပြီးရင် ရပါပြီ။