HAJIMARIMOM.com

View Original

ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကိုသက်သာစေမယ့် အစားအစာနှင့် နည်းလမ်း

Morning Sickness လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်း၊ ကိုယ်လက်မအီမသာခြင်း၊ အစားအသောက်ပျက်ခြင်း စတာတွေကိုကိုယ်ဝန်ဆောင်မိခင်တိုင် အနည်းအများတော့ကြုံတွေ့ဖူးကြရမယ်ထင်ပါမယ်။ ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင် Morning Sickness ကဘယ်အချိန်အထိခံစားရမှာလဲ? သက်သာအောင်ဘာတွေလုပ်ကြမလဲ? ဆိုတာပြောပြပေးသွားပါမယ်။

Morning Sickness က ကိုယ်ဝန်ဘယ်နှစ်လကနေစခံစားရတတ်သလဲ?

ကိုယ်ဝန်​ဆောင်ချိန်ပျို့အန်ခြင်းဟာ များသောအားဖြင့် ကိုယ်ဝန် ၅ပတ်လောက်ကတည်းက အဖြစ်များတတ်ပါတယ်။ ကိုယ်ဝန် ၈ပတ်- ၉ပတ် လောက်မှာပိုခံစားရတတ်ပြီး ၊ ကိုယ်ဝန် ၁၅ပတ်- ၁၆ပတ် လောက်မှာ တစ်ဖြည်းဖြည်းသက်သာလာပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံး morning sickness ကိုလုံးဝမခံစားခဲ့ရတဲ့ သူတွေရှိသလို၊ ဘာစားစားမဝင်တဲ့အထိ ကြုံတွေခဲ့ရဖူးတဲ့သူတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်လို့ အဖြစ်များတဲ့အချိန်ကာလကိုခန့်မှန်းခြေဖော်ပြပေးထားပါတယ်နော်။ Morning Sickness ရဲ့အဖြစ်များဆုံးလက္ခဏာတွေကတော့

ပျို့အန်ခြင်း

ကိုယ်ဝန်ဆောင်အများစု ခံစားရတဲ့ပျို့အန်ခြင်းကတော့ အစားစားနိုင်ပေမယ့်လည်းပျို့အန်ခြင်း၊ တချို့အခြေအနေဆိုးတဲ့သူတွေဆို ရေသောက်ရင်​ပြန်အန်တဲ့အထိခံစားရတတ်ကြပါတယ်။

အနံ့မခံနိုင်ခြင်း

ကိုယ်ဝန်ရှိချိန်မှာ အများစုကတော့ထမင်းဟင်းနံမခံနိုင်တာပါ။ တချို့တလေမှာတော့ ကိုယ်ဝန်မရှိခင်က အသုံးပြုခဲ့တဲ့ ရေချိုးဆပ်ပြာ၊ ရေမွှေး၊ အခန်းအနံ့ စတာတွေကိုမခံနိုင်တာမျိုးတွေလည်းခံစားရတတ်ပါတယ်။

အိပ်ချင်လွန်းခြင်း၊ စိတ်မကြည်မသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း

ဟော်မုန်းအတက်အကျကြောင့် ဖြစ်တတ်တဲ့လဏ္ခဏာတွေကတော့ အမြဲအိပ်ချင်နေခြင်း၊ စိတ်မကြည်မသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေပါ။

ဘယ်လိုအစားအသောက်တွေကသက်သာစေမလဲ?

အချဥ်ဓာတ်ပါတဲ့သစ်သီးတွေနဲ့၊ ပူတင်း၊ ဂျယ်လီ၊ ရေခဲမုန့် စတာတွေက ပျို့အန်ခြင်းစိတ်ကိုသက်သာလျော့နည်းစေပါတယ်။

ကိုယ်ဝန်ဆောင် Morning Sickness ကိုသက်သာစေမယ့်နည်းလမ်းတွေကိုပြောပြပေးပါမယ်။

နေ့စဥ်နေထိုင်စားသောက်မှုပုံစံ

ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်းကိုပိုမိုဆိုးဝါးလာစေတဲ့ အဓိကအချက်ကတော့ ကိုယ်လက်လှုပ်ရှားမှုနှင့် အာဟာရချို့တဲ့ခြင်းပဲဖြစ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေမလုံလောက်လျှင် ဟော်မုန်းအတက်အကျကိုပိုမိုဖြစ်စေပါတယ်။ ဒါကြောင့် အရမ်းကြီးပျို့အန်ချင်စိတ်မရှိတဲ့ သူတွေကအာဟာရကိုမျှတနေအောင်စားသောက်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေမပြုလုပ်သင့်ပေမယ့်၊ လမ်းလျှောက်ခြင်း၊ အသက်ရှုသွင်းရှုထုတ်လေ့ကျင့်ခန်းစတဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုမျိုးတွေပြုလုပ်ပေးပါ။

စိတ်ပိုင်းဆိုင်ရာခံစားမှု

စိတ်ဖိဆီးမှုကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်ပျို့အန်ခြင်းစတာတွေကိုပိုမိုဆိုးဝါစေတတ်ပါတယ်။ သားဦးကိုယ်ဝန်မို့လို့ ရင်သွေးလေးအတွက်၊ မိမိအတွက်၊ အလုပ်စတာတွေကြောင့် စိတ်ဖိဆီးမှုမျိုးတွေရှိတတ်ကြပါတယ်။ စိတ်ဖိဆီးမှုစတာတွေကို မိမိအိမ်ထောင်ဖက်၊ မိသားစုနဲ့ တိုင်ပင်ဆွေးနွေးအကြံအဥာဏ်ရယူပါ။

ကိုယ်ဝန်ဆောင် Morning Scikness ခံစားရခြင်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်လို့ ပုံမှန်ခံစားနေရတဲ့သူတွေအတွက် ဖော်ပြပေးထားတဲ့နည်းလမ်းလေးတွေနဲ့ သက်သာစေနိုင်ပေမယ့်၊ အစာရောရေပါလုံးဝမဝင်တဲ့ မိခင်လောင်းတွေအတွက်ကတော့ ဆရာဝန်နှင့်ပြသဖို့အကြံပြုချင်ပါတယ်။