HAJIMARIMOM.com

View Original

DIY Photo Frame လုပ်ကြည့်ရအောင်

မဂ်လာပါမေမေတို့ရေ...

သားသားမီးမီးတို့ နဲ့အတူအိမ်မှာဘယ်လို activities လေးတွေလုပ်ဖြစ်ကြလဲ? မေမေတို့အားလပ်တဲ့အချိန်မှာ သားသားမီးမီးတို့နဲ့အတူ activities လေးတွေအတူတူလုပ်ပေးခြင်းအားဖြင့် ကလေးငယ်တွေ Screen Time လျော့ချလို့ရမယ်၊ ကလေးငယ်တွေရဲ့ ဖန်တီးတွေးခေါ်နိုင်မှု၊ မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းကို တိုးတက်​​စေနိုင်တဲ့အပြင်၊ မိဘနှင့်ကလေးကြားက Communications တွေပိုပြီးတိုးပွားလာစေပါတယ်။

ကျွန်မတို့ရဲ့ Hajimarimom.com Myanmar Page မှာလည်း သားသားမီးမီးတို့အတွက်အကျိုးစေမယ့် စာရွက်ခေါက်နည်း (Origami)၊ DIY ကစားစရာလုပ်နည်းစတဲ့ video တွေကိုအမြဲတင်ဆက်ပေးသွားပါမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးနော်.

ဒီနေ့မှာတော့ မေမေတို့ရဲ့ဖုန်းထဲမှာ အပြည့်သိမ်းထားတတ်တဲ့ ချစ်စရာသားသားမီးမီးတို့ရဲ့ အမှတ်တရဓာတ်ပုံလေးတွေကို ထည့်ပြီး အိမ်မှာအလှဆင်လို့ရမယ့် DIY Photo Frame လုပ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်။