ဘေဘီလေးတွေကို နို့ဖြတ်ဖို့ အကောင်းဆုံးအချိန်၊ နည်းလမ်းတွေနဲ့ ဆောင်ရန်ရှောင်ရန်များ
ဘေဘီလေးတွေကို နို့ဖြတ်ဖို့ အကောင်းဆုံးအချိန်၊ နည်းလမ်းတွေနဲ့ ဆောင်ရန်ရှောင်ရန်များ
မဂ်လာပါ မေမေတိုရေ
HAJIMARI MOM. com Myanmar မှပြန်လည်ကြိုဆိုပါတယ်ရှင့်.
ဒီနေ့မှာတော့မေမေတို့အတွက် ဘေဘီလေးတွေကို နို့ဖြတ်ဖို့ အကောင်းဆုံးအချိန် / နည်းလမ်းတွေနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြသွားပါမယ်နော်
ဘေဘီလေးတွေကိုနို့ဖြတ်ဖို့အသင့်တော်ဆုံးအချိန်ကတော့ 2နှစ်ကျော်3နှစ်အရွယ်လေးတွေလေးပဲဖစ်ပါတယ် လုံလောက်တဲ့အာဟာရကိုကောင်းကောင်းစားနေနိုင်တဲ့အရွယ်လေးတွေဖြစ်လို့ပါ။
ဒါပေမယ့် ဘေဘီလေးတွေကနို့သောက်ဖို့ဆက်တောင်းဆိုနေမယ် မေမေကလည်းဆက်တိုက်ချင်တယ်ဆိုရင်ဘယ်အရွယ်ထိဖြစ်ဖြစ်တိုက်လို့ရပါတယ်နော်
သွားလေးတော့ပုံမှန်တိုက်ပေးဖို့လိုပါတယ်နော်။ မေမေကလုပ်ငန်းခွင်ဝင်ဖို့ပဲဖြစ်ဖြစ် ကလေးလေးကိုနို့ဖြတ်ချင်တယ်ဆိုရင်တော့ နို့ဗူးလေးအစားထိုးတိုက်ပေးတာ၊ ကလေးလေး၆လ ကျော်ပြီဆို ဖြည့်စွက်စာ၊ ထမင်းစတာတွေများများကျွေးပေးရပါမယ်နော်။ ညဘက်ကလေးလေးဗိုက်ဆာရင်စားဖို့ နို့ဗူး-အဆာပြေမုန့်လေးတွေကိုလည်းအသင့်ဆောင်ထားပေးရပါမယ်။
နို့ဖြတ်ဖို့နည်းလမ်းလေးတွေကတော့ နို့ကိုပလာစတာနဲ့ကပ်တာ၊ ရှားစောင်းလက်ပက်လေးပွတ်ထားတာ၊ မုန့်ခါး(မြန်မာဆေး)သွေးလိမ်းပေးတာ အဓိကကတော့ကလေးလေးရဲ့စိတ်ထဲမှာနို့စို့ရင်မကောင်းဘူး ခါးတယ် မေမေနာနာဖြစ်မယ်စသဖြင့်ထင်သွားစေမယ့်နည်းလေးတွေကိုသုံးကြည့်ပါနော်။ ကလေးလေးပေါ်မူတည်ပြီး ကြောက်တဲ့ရွံတဲ့နည်းလေးတွေသုံးပေးပါနော်။ မေမေတို့စိတ်ခိုင်ဖို့လည်းလိုပါတယ်နော်။
နို့ဖြတ်ပြီးမေမေတို့ ခံစားရမယ့် တင်းခြင်း၊ နာခြင်း ၊ နို့ကြောင်းပိတ်ခြင်းတို့အတွက် ဂေါဖီရွက်ကပ်ခြင်း ပက်လက်အိပ်ခြင်း ရေနွေးအိတ်လေးကပ်ပေးခြင်းတို့ကို လုပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
ဒီနေ့ပြောပြပေးသွားတဲ့အချက်လေးတွေက မေမေတို့အတွက်အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်းအသုံးဝင်မယ့်အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Like and Follow လေးလုပ်ထားဦးနော်မေမေတို့ရေ…
ရေးသားသူ - Thinn Nandar Swe ( Mom Content Writer)