HAJIMARIMOM.com

View Original

ဘေဘီလေးတွေရဲ့ အဝတ်အစားအသစ်တွေကို ရေလျှော်ပြီးမှဝတ်ပေးသင့်ပါတယ်

ဘေဘီလေးတွေရဲ့ အဝတ်အစားအသစ်တွေကို လျှော်ပြီးမှဝတ်ပေးသင့်ပါတယ်

ဒီနေ့မှာတော့ သားဉီးမေမေတို့အတွက် ဝေမျှပေးချင်တဲ့အကြောင်းအရာလေးကတော့ မကြာခင်မှာမွေးဖွားလာမယ့်ဘေဘီလေးတွေအတွက် ဆိုပြီးဝယ်ထားတဲ့ အနှီး၊အဝတ်အစားအသစ်ကလေးတွေကို လျှော်ဖို့လိုအပ်မအပ်ဆိုတာပြောပြပေးချင်ပါတယ်။

မွေးကာစကလေးငယ်တွေရဲ့ အရေပြားကအလွန်ပဲနူးညံပါတယ်။ အဲ့ဒါကြောင့် အဝတ်အစားတွေကိုမလျှော်ပဲဝတ်ပေးမိရင် အရေပြားနဲ့ပတ်သတ်တဲ့ပြဿနာလေးတွေကြုံတွေရနိုင်ပါတယ်။ဒီဆောင်းပါးလေးမှာတော့ ဘေဘီလေးတွေရဲ့အဝတ်အစားလေးတွေကို ဘာကြောင့် လျှော်ပြီးမှအသုံးပြုသင့်လဲ ? မှန်ကန်တဲ့လျှော်ပုံလျှော်နည်း စတာလေးတွေကိုပြောပြပေးသွားပါမယ်။

ဘေဘီလေးတွေရဲ့ အဝတ်အစားတွေကိုဘာကြောင့်လျှော်ပြီးမှအသုံးပြုသင့်တာလဲ?

အဝတ်အစားအသစ်တွေမှာအသုံးပြုတဲ့ Formaldehyde ကြောင့်ဖြစ်ပါတယ်။ Formaldehyde ကိုများစွာအသုံးပြုထားတဲ့အဝတ်အစားတွေကိုဝတ်မိလျှင် ကလေးတွေသာမက လူကြီးတွေပါအရေပြားယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်းစတာမျိုးတွေဖြစ်တတ်ပါတယ်။ အဝတ်အစားအသစ်တွေက Formaldehyde ကိုဖယ်ရှားနိုင်ဖို့အကောင်းဆုံးနည်းလမ်းက အဝတ်အစားတွေကို ရေဖြင့်လျှော်ပေးခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေရဲ့အနှီး၊ အဝတ်အစားအသစ်တွေကို ရေနဲ့လျှော်ပေးပြီးမှာဝတ်ပေးဖို့လိုအပ်ပါတယ်နော်။

ဘေဘီလေးတွေရဲ့အဝတ်အစားတွေကိုဘယ်လိုလျှော်မလဲ?

၁။ အဝတ်လျှော်စက်နဲ့ပဲလျှော်လျှော်၊ လက်နဲ့ပဲလျှော်လျှော် လူကြီးတွေအဝတ်နဲ့သပ်သပ်စီခွဲပြီးလျှော်ပေးပါ။

၂။ အဝတ်လျှော်ဆပ်ပြာအရည်၊အမှုန့်စတာတွေမသုံးပဲရေဖြင့်သာလျှော်ပေးပါ။ ဘေဘီလေးတွေအဝတ်အစားလျှော်ဖို့ သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာကိုအသုံးပြုပြီးလျှော်ပေးလို့လည်းရပါတယ်။ ဆပ်ပြာကိုတော့သေချာဆင်အောင်ဆေးဖို့လိုအပ်ပါတယ်။

၃။ ရေလျှော်ထားတဲ့အဝတ်အစားတွေကို ကောင်းစွာခြောက်သွေ့ပါစေ။ နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်များပါဝင်တဲ့အတွက် ဖြစ်နိုင်ရင် လျှော်ထားတဲ့အဝတ်တွေကို နေရောင်အရမ်းမကျတဲ့နေရာမှာလှမ်းပေးပါ။

၄။ အဝတ်အစားတွေကို ရေမှာအကြာကြီးစိမ်ထားဖို့မလိုအပ်ပါဘူး။ ရေနဲ့လျှော်ပေးပြီး သဘာဝအတိုင်းပဲအခြောက်ခံပေးပါ။

၅။ ရေလျှော်ပြီးတဲ့အဝတ်အစားတွေကို ဖေဖေမေမေတို့အဝတ်အစားတွေရဲ့အတူမသိမ်းပဲ၊ ဘေဘီလေးအတွက်သီးသန့် အဝတ်အစားဗီဒို၊ ပုံးလေးတွေထဲမှာထည့်သိမ်းပေးပါ။

မွေးကာစကလေးငယ်တွေရဲ့အရေပြားဟာအလွန်ပဲနူးညံ့တဲ့အတွက် ဘေဘီလေးတွေရဲ့အသားအရည်နဲ့တိုက်ရိုက်ထိတွေမယ့် ဘယ်အရာကိုမဆိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေရဲ့အဝတ်အစားသစ်တွေကို မဝတ်ခင်ရေလျှော်ပေးပြီးမှဝတ်ပေးဖို့ အကြံပြုလိုက်ပါတယ်နော်။