HAJIMARIMOM.com

View Original

ကလေးတွေအတွက်အရေးကြီးဆုံးမိခင်နို့ရည်ဆိုတဲ့လက်ဆောင်မွန်

သဘာဝရဲ့လက်ဆောင်

ချစ်ရတဲ့မေမေတို့ရေ ခုပြောချင်တဲ့အကြောင်းလေးကတော့ ကလေးတွေအတွက်အရေးကြီးတဲ့ လက်ဆောင်အကြောင်းပြောပြချင်ပါတယ်။အဲ့ဒါကတော့သဘာဝကပေးတဲ့ လက်ဆောင်ပေါ့။ ကလေးတွေအတွက်အရေးကြီးဆုံးမိခင်နို့ရည်ဆိုတဲ့ လက်ဆောင်မွန်ပါပဲ။ ကလေးတစ်ယောက် ကျန်းမာသန်စွမ်းဖို့အကောင်းဆုံးက မိခင်နို့ပဲဖြစ်တယ်။

မိခင်နို့ဆို့ရတဲ့ကလေးဟာ ဥာဏ်လဲကောင်းတယ် ။ ကျန်းမာသန် စွမ်းတယ် ၊ နွားနို့ဟာနွားကလေးတွေတွက် ဖြစ်လို့ကလေးတွေတွက် မိခင်နို့လောက်အာဟာရ မဖြစ်ဘူး။ လူနဲ့နွားက genes မတူဘူး အာကြောင့် မိခင်နို့နဲ့နို့မှုန့်ကကွာခြားချက်ရှိတယ်။ မိခင်နို့သောက်ရ တဲ့ကလေးက အဝမလွန်ဘူး နို့မှုန့်သောက်တဲ့ကလေးကဝတယ်၊ ဥာဏ်ရည်ရှိပုံချင်းလဲကွာခြားတယ် ၊ကျန်းမာသန်စွမ်းပြီး ဖွံ့ဖြိုးမှူနှုန်းလဲ မတူဘူးဆိုတာအားလုံးလည်းသိမှာပါ ၊ ဦးနှောက်ဖွံ့ဖြိုးမှုမှာလည်း မိခင်နို့သောက်ရတဲ့ကလေးကပိုသာပါတယ်။

DHAက မိခင်နို့မှာပါပြီးသားဖြစ်ပြီး၊ နို့မှုန့်မှာကထည့်ရတာပါ ။ ကလေးမွေးပြီးပြီးချင်း ပထမဆုံးထွက်တဲ့ နို့ဦးရေကြည်ဟာ ပဋီဇဝပစွည်းတွေနဲ့ရောဂါကိုတိုက်ထုတ်ပေးမယ့် သွေဖြူဥဆဲလ်အများကြီးပါဝင်ပါတယ် ။ ဘဝတသက်စာ လုံလောက်တဲ့ ကာကွယ်ဆေး လဲဖြစ်တယ်။ ပထမဆုံးအပတ်မှာပဲ ထွက်တာဖြစ်ပြီးတစ်ပတ်လောက်နေပြီးရင်တော့ transition mil လို့ခေါ်တဲ့ ပုံ မှန်နို့အရောင်ဖြစ်လာတယ်၊ အာဟာရတွေလဲပိုများလာတယ် ။

မိခင်နို့ရည်မှာ..

(1) ရေ

(2) Carbohydrates

(3) protein

(4) fat

(5) Enzymes

(6) Antibodies. တွေပါဝင်ပါတယ်။

ဒါ့အပြင် ကလေးအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင် လို့အသက်ခြောက်လထိ မိခင်နို့တမျိုးထဲကိုသာ စိတ်ချလက်ချတိုက် ကျွေးသင့်ပါတယ် ။ အစမှာကျဲပေမယ့် နောက်ပိုင်းပြစ်လာပြီး အာဟာရ ဓာတ်တွေများလာပါတယ်။ နောက်တခု အရေးကြီးတာက နို့တိုက်မိခင်ကိုယ်တိုင် အာဟာရ ပြည့်စုံအောင် စားဖို့လိုတယ်နော် ၊ အသားနဲ့အသီးရွက်စုံအောင်စားရပါမယ်မေမေတို့ရေ..

မိခင်နို့ကိုအာဟာရကြွယ်ဝစေမယ့် အစားသောက်တွေက အမဲသား ၊ အသီးအရွက် ၊ ကွေကာအုပ်၊ အရောင်ရင့်တဲ့ ပဲ ၊ အဆီနည်းတဲ့ နို့တွေဖြစ်တယ်။ ကလေးအတွက် မိခင်နို့မှာ Calcium / sodium /Chlorine/ Phosphorous နဲ potassium တို့လဲပါဝင်တယ်။ ‍ကလေးတွေတွက် မိခင်နို့ဟာ အလွန်အရေးကြီးတဲ့သဘာဝကပေးတဲ့ လက်ဆောင်ဖြစ်လို့ကလေးတိုင်းသောက်ဖို့လိုအပ်ပါတယ်။

ဒါမှလောကကြီးမှာ ဥာဏ်ကောင်းကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်ရဲ့ရင် သွေးရတနာလေးတွေ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ ဒါကြောင့်မေမေအားလုံးကိုတိုက်တွန်းချင်တာကတော့ အနာဂတ်ရဲ့ရင်သွေးရတနာလေးတွေ ကျန်းမာသန်စွမ်းဖို့ဖြစ်နိုင်ရင်မိခင်နို့ရည်ကိုသာ မဖြစ်မနေ မိခင်တိုင်းတိုက်ကျွေးသင့်ပါတယ်နော်..

ရေးသားသူ - Jasmin Hnin (Content Writer)