HAJIMARIMOM.com

View Original

မွေးကင်းစကလေးငယ်တွေနှင့်ရေကျက်အေး

မွေးကင်းစကလေးငယ်တွေကို ရေကျက်အေးတိုက်ဖို့လိုလား? ဘယ်နှစ်လမှ စတိုက်သင့်သလဲ?

သားသားမီးမီးလေးတွေကို ရာသီဥတုပူတဲ့အချိန်မှာ ရေဓာတ်ရဖို့အတွက်ရေကျက်အေးတိုက်ဖို့လိုမလားလို့ စိုးရိမ်မိတဲ့မေမေတွေရှိမယ်ထင်ပါတယ်။ ဒီဆောင်းပါးမှာတော့ မွေးကင်းစကလေးငယ်တွေကို ရေကျက်အေးတိုက်ဖို့လိုသလား? ဘယ်အချိန်မှာစတိုက်သင့်သလဲ? ဆိုတာပြောပြပေးသွားပါမယ်။

မွေးကင်းစကလေးငယ်တွေကို ရေကျက်အေးစတိုက်ရမယ်အရွယ်

ပုံမှန်အားဖြင့် ကလေးတွေကြီးထွားဖွံဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရနှင့် ရေကို မိခင်နို့မှရတဲ့အတွက် မွေးကင်းစကလေးငယ်တွေကို ရေဓာတ်ရဖို့ ရေကျက်အေးတိုက်ဖို့မလိုအပ်ပါ။ ကလေး ၅လ ၆လအရွယ် ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ရေကျက်အေးကို စပြီးတိုက်ကြည့်လို့ရပါတယ်။

ကလေးငယ်လေးတွေကိုရေကျက်အေးတိုက်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

က​လေးငယ်တွေကိုရေကျက်အေးတိုက်ပေးခြင်းဖြင့် ဝမ်းချုပ်တာကိုသက်သာစေပါတယ်။ အထူးသဖြင့် ကလေးတွေဖြည့်စွက်စာစကျွေးတဲ့ အူလမ်းကြောင်းပြောင်းလဲမှုများဖြစ်ပေါ်နိုင်ပြီးဝမ်းချုပ်စေပါတယ်။ဒီလိုအခြေအနေမျိုးမှာ ရေကျက်အေးတိုက်ပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။

See this content in the original post

ဒါ့ပြင်ကလေးငယ်လေးတွေကိုရေကျက်အေးတိုက်ပေးခြင်းဖြင့် သွားပိုးစားခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ မိခင်နို့၊ နို့ဘူးသောက်ပြီးနောက် ရေကျက်အေးတိုက်ပေးခြင်းဖြင့် သွားနှင့် သွားဖုံးများကို ဆေးကြောနိုင်ပြီးသွားပိုးစားခြင်းမှကာကွယ်ပေးပါသည်။ ကလေးငယ်များရဲ့ ခံတွင်းသည်အလွန်နူးညံ့သောကြောင့် ရေကျက်အေးဖြင်းဆေးကြောပေးခြင်းဖြင့်ခံတွင်းကိုသန့်ရှင်းစေနိုင်ပါသည်။

ပထမဆုံး ကလေးငယ်တွေကို ရေကျက်အေးစတိုက်တဲ့အခါမှာ လက်ဖက်ရည်ဇွန်း ၁ဇွန်းမှစပြီးတိုက်ကျွေးကြည့်ပါ။ တဖြည်းဖြည်း ကျင့်သားရပြီးသောက်တတ်လာတဲ့ အခါမှ ၅လအရွယ်ကို 25ml ၊ ၆လလောက်ကစပြီး 50ml နဲ့ပမာဏကိုတိုးပြီးတိုက်ပေးပါ။

မေမေတို့ရဲ့သားသားမီးမီးလေးတွေကို ရေကျက်အေးတိုက်ပေးခြင်းဖြင့်အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ဒါပေမယ့် ရေကျက်အေးကိုမဖြစ်မနေတိုက်ရမယ်လို့မတိုက်တွန်းပါ။အဓိကအားဖြင့် ကလေးငယ်တွေကြီးထွားဖို့အလိုအပ်ဆုံးသောအရာမှာ မိခင်နို့သာဦးစားပေးဖြစ်တဲ့အတွက်ကြောင့် ရေကျက်အေးကိုမေမေတို့တိုက်ဖို့လိုအပ်မယ်ထင်တဲ့အချိန်မှာစပြီးတိုက်ဖို့အကြံပြုခြင်ပါတယ်။