HAJIMARIMOM.com

View Original

Part Time Content Writer

အချိန်ပိုင်း Mom Content Writer ခေါ်ယူခြင်း

ကျွန်မတို့ Hajimarimom.com myanmar ကမြန်မာပြည်ကမေမေတို့အတွက် အထောက်အကူဖြစ်စေမယ့် ကလေးပြုစုပျိုးထောင်ခြင်း၊ အလှအပရေးရာ ဗဟုသုတွေကိုဝေမျှနေတဲ့ media တစ်ခုဖြစ်ပါတယ်.. ကျွန်မတို့ Page နဲ့အတူ လက်တွဲလုပ်ကိုင်မယ့် အချိန်ပိုင်း Mom Writer များခေါ်ယူလိုပါတယ်..အိမ်မှာနေရင်းအားလပ်တဲ့အချိန်တွေကို အသုံးချပြီး မေမေတို့ရဲ့ကလေးပြုစုပျိုးထောင်ခြင်းအတွေ့အကြုံ၊ ကလေးဖြည့်စွက်စာချက်နည်း၊ မိခင်နဲ့ကလေးကျန်းမာရေး၊ အလှအပ၊ ကိုယ်ဝန်ဆောင်မိခင် စတာတွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတအကြောင်းအရာတွေကိုရေးသားပြီး Page Messenger ကိုပေးပို့ပေးရုံပါပဲနော်..

ဘယ်လို Content မျိုးတွေရေးရမလဲ?

[ ကိုယ်ဝန်ဆောင်ကာလ morning sick ကိုဘယ်လိုနည်းလမ်းတွေနဲ့ ဖြတ်ကျော်ခဲ့တယ်! ]

[ ကလေး နို့ဖြတ်ခဲ့ရတဲ့အတွေ့အကြုံ]

[ သားယောကျ်ားလေး ပြုစုပျိုးထောင်ခြင်း ] စတဲ့ ကိုယ်ဝန်​ဆောင်ကနေ လက်ရှိကလေးပြုစုပျိုးထောင်နေတဲ့ မေမေတွေအားလုံး လက်တွေ့အသုံးချနိုင်မယ့်အကြောင်းအရာတွေကို ရေးသားနိုင်ပါတယ်.

Content အတွက် သတ်မှတ်ချက်လေးတွေကတော့

1. Content တစ်ပုဒ်အတွက် စာလုံးရေ 600~900 အတွင်း ဖြစ်ရပါမယ်.

2. မိမိရေးသားတဲ့ ဆောင်းပါးအကြောင်းအရာနှင့်ကိုက်ညီတဲ့ ဓာတ်ပုံပါပူးတွဲပို့ပေးရပါမယ်.

3. ပေးပို့လာသော Content များထဲမှ ရွေးချယ်အသုံးပြုခြင်းခံရသော Content သာအခကြေးငွေရရှိမှာဖြစ်ပါတယ်.

4. တစ်ပတ်ကို Content ၃ပုဒ်ရွေးချယ် သွားမှာဖြစ်ပြီး၊ Content တစ်ပုဒ်ကို 12000~15000 MMK ရရှိပါမည်.

ကျွန်မတို့ Hajimarimom.com Myanmar နှင့်အတူ လက်တွဲ​ပြီးမေမေတို့အတွက်အထောက်အကူဖြစ်စေမယ့် ဗဟုသုတအကြောင်းအရာတွေကို ဝေမျှပေးသွားမယ့် Mom Content Writer တွေကိုဖိတ်ခေါ်လိုက်ပါတယ်ရှင့်..