ကလေးတွေကိုဖုန်းအသုံးပြုချိန်လျှော့ချဖို့အတွက်နည်းလမ်း
မဂ်လာပါ မေမေတို့ရေ
ဒီနေ့မှာတော့ကလေးလေးတွေနဲ့mobile phone သုံးစွဲမှုအကြောင်းကိုပြောပြသွားမှာပါနော်။ ယနေ့ခေတ်မှာတော့ mobile phoneတွေဟာ ကလေးတွေအနားမှာ အနီးဆုံးရှိနေတတ်ကြပါတယ်။
mobile phone / laptop လိုမျိုးနည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေကနေ ကလေးတွေဟာဘဗဟုသုတများလေ့လာနိုင်ခြင်း၊ဘာသာရပ်တွေကိုလေ့လာဖို့နဲ့သင်ကြားဖို့ အကောင်းဆုံးအထောက်အကူတွေဖြစ်ပါတယ်နော်။
phone ကိုကလေးလေးတွေခဏတာငြိမ်ဖို့နဲ့ ကလေးထိန်းဖို့အကူအညီလိုတဲ့အခါတွေမှာအသုံးပြုတတ်ကြပါတယ်။ phoneကိုအသုံးပြုခြင်းဖြင့်ကောင်းကျိုးတွေများစွာရှိသလိုဆိုးကျိုးတွေလည်းရှိပါတယ်နော်။
ပျှမ်းမျှအားဖြင့်အသက်၅နှစ်ကနေ ၁၅နှစ်ထိကလေးတွေဟာ တစ်နေ့ကို screen time ၆နာရီအထက်ရှိနေပြီဆိုရင် ကလေးတွေကိုထိခိုက်မှုတွေရှိလာနိုင်ပါတယ်။
screen timeအကြည့်များတဲ့ကလေးတွေဖြစ်နိုင်တဲ့ဆိုးကျိုးတွေကတော့
- အိပ်ချိန်မမှန်ခြင်း
-ပြင်ပမှာလူမှုဆက်ဆံရေးခက်ခဲခြင်း
-ကျန်းမာရေးထိခိုက်ခြင်း (ဥပမာ-အဝလွန်ခြင်း/ကိုယ်လက်ကြံ့ခိုက်မှုအားနည်းခြင်း)
-ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိခြင်း
-ဥာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းခြင်း
-မျက်လုံးထိခိုက်ခြင်း၊ အားနည်းခြင်း စသည့်ဖြင့်ဆိုကျိုးတွေဖြစ်လာနိုင်ပါတယ်
အသက်၃နှစ်အောက်ကလေးတွေ အနီးနားမှာ phone အသုံးပြုခြင်းဟာလည်း ကလေးလေးတွေကိုထိခိုက်စေပါတယ်။
phone ကထွက်တဲ့ရောင်ခြည်တွေဟာကလေးလေးအတွက်ထိခိုက်စေပါတယ်နော်။
ကလေးတွေကိုphoneအသုံးပြုချိန်လျှော့ချဖို့အတွက်နည်းလမ်းလေးတွေကတော့
-မိသားစုနဲ့အချိန်ကုန်စေခြင်း (စကားဝိုင်းဖွဲ့ပြောခြင်း၊ အတူတူဆော့ပေးခြင်း၊ ဟင်းအတူတူချက်ခြင်း)
-ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးတာ( အိမ်စာပြီးမှဖုန်းခဏပေးကြည့်ခြင်း၊ ထမင်းကုန်မှပေးကြည့်ခြင်း)
-မိဘတွေအဖိုးအဘွားတွေစီကနေမျိုးဆက်အဆင့်ဆင့်ထိန်းကျောင်းခဲ့ပုံတွေကိုလေ့လာအကြံဥာဏ်ရယူခြင်း
-phoneတွေlaptopတွေမှာ schedule time ထည့်သွင်းထားခြင်း
-application တွေကိုlockခံထားတာ(စာလေ့လာဖို့လိုအပ်တဲ့ app တွေကိုသာခွင့်ပြုတာ)
-သူငယ်ချင်းတွေနဲ့အပြင်ထွက်ဆော့ခွင့်ပြုတာ တို့ဖြစ်ပါတယ်။
အဓိက ကမေမေတို့ကလည်းဖုန်းအသုံးပြုချိန်ကိုလျှော့ချပေးရမှာပါ။ဒီနေ့ပြောပြပေးသွားတာလေးကမေမေတို့အတွက်အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။
ရေးသားသူ- Thinn Nandar Swe( Mom Content Writer)