HAJIMARIMOM.com

View Original

ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတွေတော်တော်များ ဝမ်းချုပ်ခြင်းကိုကြုံတွေ့ရမှာပါ။ သာမာန်အချိန်သောက်နေကျ ဝမ်း​ပျော့ဆေး၊ ဝမ်းနှုတ်ဆေးစတဲ့ဆေးတွေကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝမသောက်သင့်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ရခြင်းအကြောင်းအရင်းနဲ့ ဆေးမသောက်ပဲ အစားအသောက်နဲ့ ဝမ်းချုပ်ခြင်းကိုကာကွယ်ရန်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ဘာကြောင့်ဝမ်းချုပ်လွယ်သလဲ

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်​​ခြင်းဟာ ဟော်မုန်းအပြောင်းအလဲ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ကိုယ်ဝန်ရှိစပျို့အန်ခြင်းကြောင့်အစားအသောက်ပျက်ခြင်း၊ ရေသောက်နည်းခြင်း စတာ​တွေကြောင့်ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အစားအသောက်ဖြင့် ဝမ်းချုပ်ခြင်းကိုကာကွယ်နည်း

၁။ ရေနှင့်မနက်စာကို ကောင်းစွာရယူပါ

ရေဓာတ်မလုံလောက်လျှင် ဝမ်းချုပ်ခြင်းကိုပိုဖြစ်စေနိုင်လို့ နေ့စဥ်ရေကိုများများသောက်ပေးပါ။ တစ်နေ့ကို ၁လီတာခွဲ နီးပါးရေကိုသောက်သုံးပေးရပါမယ်။ အဓိကအားဖြင့်မနက်စာကို နေ့စဥ်သတ်မှတ်ထားတဲ့ အချိန်မှာပုံမှန်စားပေးပါ။

၂။ အမျှင်ဓာတ်ပါတဲ့အစားအသောက်တွေကိုစားပေးပါ

ကိုယ်ဝန်ဆောင်ချိန် အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကိုများများစားပေးပါ။ အူလမ်းကြောငကိုပိုမိုကောင်းမွန်စေရန် ဒိန်ချဥ်၊ အချဥ်ဖောက်ထားတဲ့ အစားအစာများကိုစားပေးပါ။ ကိုယ်ဝန်ရှိစပျို့အန်တဲ့အချိန်မှာ သစ်သီးဂျယ်လီစတာမျိုးတွေကိုစားပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်ခြင်းကို နေ့စဥ်အစားအသောက်အနေအထိုင်အပြောင်းအလဲပြုလုပ်ပေးခြင်းဖြင့် ဆေးသောက်ဖို့မလိုပဲ ဝမ်းချုပ်ခြင်းကိုကြိုတင်ကာကွယ်နိုင်ပါတယ်။