HAJIMARIMOM.com

View Original

ကလေးကို အိမ်အလုပ်တွေကူညီဖို့အခွင့်အရေးပေးပါ မေမေ

ကလေးတွေကို အိမ်အလုပ်တွေကူညီဖို့ အခွင့်အရေးပေးပါ

ကလေးတွေက ၃နှစ်အရွယ်လောက်ရောက်ရင် အမေကို ကူညီပေးချင်ကြတဲ့ကလေးတွေလည်း ရှိပါတယ်။ ကလေးနဲ့အတူတူ အိမ်အလုပ်တွေကိုအတူတူလုပ်တာဟာ ပျော်စရာကောင်းတဲ့အပြင်၊ ကလေးငယ်တွေအတွက်ကောင်းကျိုးတွေရရှိစေပါတယ်။ ဒါပေမယ့် မေမေတို့အနေနဲ့ ကိုယ့်ဘာသာလုပ်တာပိုမြန်တယ်လို့ တွေးမိကြမှာပါ။

ကလေးကကူညီပေးမယ်လို့ ပြောတဲ့အခါမှာ “အင်းနောက်မှနော်” “မလုပ်ပေးနဲ့ရတယ်” စသည့်ဖြင့်ပြောတတ်ကြပါတယ်။ ကလေးတွေကူညီပေးချင်တယ်လို့ပြောလာတဲ့အခါမှာ ကူညီဖို့အခွင့်အရေးပေးလိုက်ပါ။ ဥပမာ- “ထမင်းစားဖို့ ပန်းကန်ကိုစားပွဲပေါ်မှာထားပေးနော်” “ မေမေဟင်းချက်ဖို့ ဒီမုန်လာဥနီလေးဆေးပေးနော်” စသည်ဖြင့်လွယ်ကူတဲ့အရာလေးတွေကိုလုပ်ဆောင်ခိုင်းပါ။ ထိုသို့ လုပ်ခိုင်းစေခြင်းဖြင့် ကလေးငယ်တွေရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ သူတပါးအပေါ် ကူညီပေးချင်တဲ့စိတ်ကလေးတွေကိုဖြစ်စေပါတယ်။

ကလေးဖြစ်လို့ အစပိုင်းမှာ ကောင်းစွာမလုပ်နိုင်လို့အမှားလေတွေရှိနိုင်ပေမယ့်၊ ဒီအမှားတွေကပဲ အတွေ့အကြုံတွေကိုသင်ယူသွားပြီး တဖြည်းဖြည်းနဲ့ပိုပြီးလုပ်ဆောင်နိုင်သွားပါလိမ့်မယ်။ သူတို့လေးတွေကိုကူညီပေးပြီးတဲ့အခါမှာလည်း “ကျေးဇူးတင်ပါတယ်” “သားကူညီပေးလို့မေမေအလုပ်တွေမြန်မြန်ပြီးသွားတယ်” စသဖြင့်ပြောပေးပါ။ ကလေးငယ်တွေက အမေ့အတွက် အကူအညီဖြစ်တယ်၊ အသုံးဝင်တယ်ဆိုတဲ့ ပျော်ရွင်ကျေနပ်မှု ကိုခံစားရမှာပါ။ ဒါကြောင့်မေမေတို့ရေ ကလေးတွေကကူညီပေးချင်တယ်လို့ပြောလာရင် လွယ်ကူတဲ့အရာလေးတွေကနေစတင်ပြီး အခွင့်အရေးပေးလိုက်ပါနော်။