HAJIMARIMOM.com

View Original

ဘေဘီလေးတွေကိုမကျွေးသင့်တဲ့အစားအစာများ

၁။ ပျားရည်

ပျားရည်မှာ Clostridium Botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးရောစပ်ပါဝင်နေပြီး၊ ဒီဘက်တီးရီးယားပိုးတွေကထုတ်လွှတ်လိုက်တဲ့အဆိပ်အတောက်တွေက ကလေးငယ်တွေရဲ့အူလမ်းကြောင်းကိုထိခိုက်စေပြီး အစာအဆိပ်သင့်သလိုဖြစ်တတ်ပါတယ်။ ဒါကြောင့်အသင် ၁နှစ်အောက်ကလေးငယ်တွေကို ပျားရည်၊ ပျားရည်ပါဝင်တဲ့ အစားအစာ၊ ဖော်ရည်စတာတွေကိုလုံးဝမကျွေးပါနှင့်။

၂။ ပင်လယ်စာအစိမ်း

လူကြီးတွေစားလို့ ဘာဥပါဒ်မှမဖြစ်ပေမယ့် ကလေးငယ်တွေအတွက်တော့ အသား၊ငါးအစိမ်းတွေမှာပါဝင်တဲ့ဘက်တီးရီးယားတွေကြောင့် အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

၃။ အစေ့အဆန်၊ သကြားလုံး

ဂျယ်လီ၊ အစေ့အဆန်၊ သကြားလုံး စတဲ့အစားအစာတွေဟာ ကလေးကကောင်းစွာမဝါးနိုင်တဲ့အချိန်မှာ လည်းပင်းမှာခံပြီး အသက်ရှုကျပ်ခြင်းစတဲ့ မတော်တဆမှုတွေဖြစ်နိုင်ခြေရှိပါတယ်။

၄။ အချိူ၊ အဆီ၊ ဆားများတဲ့အစားအစာ

ကလေးတွေကိုဆားများသော ငါးခြောက်၊ အသင့်စားအစားအစာ ဝက်အူချောင်း၊ဝက်ပေါင်ခြောက် နှင့် သကြားဓာတ်များစွာပါဝင်သော အချိုရည်၊ ဂတ်စ်ပါတဲ့အချိုရည် ၊ ဆီအများကြီးနဲ့ကြော်ထားတဲ့ အစားသောက် စတာတွေကိုရှောင်ပါ။

၅။ ကြက်ဥ

ကြက်ဥနဲ့ ဓာတ်မတည့်တာမျိုးတွေဖြစ်နိုင်တာကြောင့် ကလေး​တွေကိုအသက် ၇~၈လအရွယ်လောက်မှ ကြက်ဥအနှစ်ကိုစကျွေးပါ။ အသက် ၉လအရွယ်လောက်မှာတော့ အကာရောအနှစ်ပါကျွေးလို့ရပါပြီ။ကလေးကိုကြက်ဥအစိမ်းမဟုတ်ပဲ သေချာစွာပြုတ်ပြီးမှကျွေးပါ။

၆။ ပုဇွန်၊ ခရု

ပုဇွန်၊ခရု စတာတွေက ကလေးနဲ့ဓာတ်မတည့်တာဖြစ်နိုင်တဲ့အတွက်ကြောင့် ကလေးအသက် ၁နှစ်ခွဲကျော်မှကျွေးရင်တော့အကောင်းဆုံးပါ။

​​ဖြည့်စွက်စာစကျွေးတဲ့ကလေးတွေကို အစားအစာတစ်မျိုးအသစ်စကျွေးတဲ့အချိန်မှာ ဓာတ်မတည့်တာမျိုးတွေဖြစ်နိုင်လို့ အမြဲဂရုတစိုက်စောင့်ကြည့်ပေးကြပါလို့ အကြံပြုချင်ပါတယ်မေမေတို့ရေ။