HAJIMARIMOM.com

View Original

{You are the best MOM} Vol.7

မေမေတို့ရေ ညဘက်ကလေးတွေကိုအိပ်ပျော်အောင်သိပ်ရခြင်းဟာလည်း အမေတစ်ယောက်ညစဥ်ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုပါပဲနော်။ ကလေးအမေတွေကို စစ်တမ်းကောက်ချက်အရယောက် ၁၀၀မှာ ၈၀ က ညဘက်ကလေးတွေကိုအိပ်ပျော်အောင်သိပ်ရခြင်းကလည်း ခက်ခဲတဲ့အရာတစ်ခုလို့ဆိုကြပါတယ်။ တစ်နေကုန်လှုပ်ရှားကစားနေတဲ့ ကလေးငယ်တွေကို ထိန်းကျောင်းနေရတဲ့ မေမေတို့အတွက်က ကလေးငယ်တွေအိပ်တဲ့အချိန်မှအနားယူရတာဆိုတော့ လွယ်လွယ်ကူကူနဲ့ကလေးငယ်တွေကိုအိပ်စေချင်ကြပါတယ်။

ကလေးတွေညအိပ်ရာဝင်တဲ့အချိန်မှာ ဖေဖဖေမေမေတို့ကလည်းဖုန်းကိုမသုံးပဲ ကလေးနဲ့အတူ မအိပ်ခင်ပုံပြင်စာအုပ်ဖတ်ပြပေးဖို့အကြံပြုချင်ပါတယ်။ မအိပ်ချင်အချိန် ၁၀မိနစ်ကို ကလေးကိုပွေ့ဖက်ပြီးပုံပြင်စာအုပ်ဖတ်ပြရင်း အမေးအဖြေလေးတွေလုပ်ပေးပါ။ ပုံပြင်စာအုပ်တွေကိုဖတ်ရှုပေးခြင်းဟာ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုနှင့် ပညာရေးမှာများစွာအကျိုးသက်ရောက်မှုတွေရှိပါတယ်။

ကလေးငယ်နှင့်အတူ ပုံပြင်စာအုပ်ဖတ်ပေးခြင်းရဲ့အဓိကအကျိုးရလာဒ်၂ခုကတော့ ကလေးနဲ့မိဘအကြား communication ပိုတိုးပွားစေခြင်း၊ ကလေးငယ်တွေရဲ့ စိတ်လုံခြုံမှုကိုခံစားစေရပြီး မိဘတွေရဲ့နွေးထွေးဂရုစိုက်မှုကိုရရှိတဲ့ကလေးငယ်ဟာ မိဘ​တွေ အပေါ်ပိုမိုချစ်ခင်ယုံကြည်မှုကိုဖြစ်စေပါတယ်။ ယခုမျက်မှောက်ခေတ်မှာ ဖေဖေကောမေမေကော အလုပ်တွေနဲ့ ကလေးတွေကိုအချိန်မပေးနိုင်တာမျိုးတွေရှိလာတဲ့အတွက်ကြောင့် မိဘနဲ့ကလေးကြားက communications၊ အချိန်ပေးနိုင်မှုစတာတွေကအရမ်းနည်းလာပါတယ်။

ဒါကြောင့်ညမအိပ်ခင်အချိန် ၁၀မိနစ်​ပေးပြီးကလေးကို ပွေ့ဖက်ပြီး စာအုပ်လေးတွေဖတ်ပြပေးပါ။ စိတ်ရင်းကောင်းမွန်တဲ့ကလေးတွေကိုပြုစုပျိုးထောင်ချင်တဲ့မေမေတို့အတွက် ပုံပြင်လေးတွေဖတ်ပြပေးခြင်းဟာအကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ဒီပုံပြင်အကြောင်းအရာတွေထဲကမှ တစ်ဖက်သားအပေါ် ကိုယ်ချင်းစာမှု၊ သနားကြင်နာမှု၊ လိမ္မာယဥ်ကျေးမှုစတာတွေကို သင်ယူရရှိနိုင်ပါတယ်။

နေ့စဥ်အလုပ်ရှုပ်နေတဲ့ဖေဖေမေမေတို့အတွက် ညမအိပ်ခင်အချိန်ခဏလေးပဲ​ပေးပြီးပုံပြင်ဖတ်ပြပေးခြင်းဟာ ကလေးငယ်တွေအတွက်ကောင်းကျိုးတွေအများကြီးရှိစေလို့ ညညကလေးတွေကိုသိပ်ရတာခက်တဲ့မေမေတို့ အိပ်ရာမဝင်ခင်ပုံပြင်ဖတ်ပြပေးတဲ့အလေ့အကျင့်ကလေးလုပ်ကြည့်ကြရအောင်နော်။