You are the best MomVol.2
မေမေတို့ရေ..သင့်ကလေးရဲ့အာသာချက်ကဘာလဲလို့ မေးရင်ဘယ်နှစ်ခုလောက်ပြောနိုင်ကြမလဲ??
ကျွန်မတို့ မိဘတော်တော်များများဟာ သားသမီးတွေရဲ့ အားသာချက်တွေထက် သူတို့ရဲ့အားနည်းချက်တွေကိုပိုမြင်တတ်ကြပါတယ်။ လူတွေဟာ ပင်ကိုယ်သဘာဝအရလူတစ်ယောက်ရဲ့အားနည်းချက်ကိုမြင်လွယ်ကြပေမယ့်အားသာချက်တွေကိုမမြင်တတ်ကြပါဘူး။ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ အားသာချက်ကိုရှာဖွေပြီး ကလေးတွေကို ပြောပြချင်းက ကလေးတွေအပေါ်အလွန်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။ မိမိကလေးရဲ့ အားသာချက်ကို မစဥ်းစားနိုင်တဲ့ မိဘတွေအတွက် သူတို့ရဲ့အားသာချက်ကိုရှာဖို့နည်းလမ်းတစ်ခုပြောပြပေးပါမယ်။
သင့်ကလေးရဲ့ အားသာချက်တွေကိုဘယ်လိုရှာမလဲ??
အရင်ဆုံး ကလေးကဲ့ အားသာချက်နဲ့ အားနည်းချက်ကိုချရေးကြည့်ပါ။ ကိုယ်ရေးထားတဲ့ထဲမှာကလေးရဲ့အားသာချက်ထက် အားနည်းချက်တွေကပိုများနေမယ်ထင်ပါတယ်။ မိမိကလေးရဲ့ အားနည်းချက်တွေကိုသိနေတယ်ဆိုရင်ပဲ ကလေးအပေါ်ကောင်းစွာနားလည်တဲ့ မေမေတစ်ယောက်ပါနော်။ ကလေးရဲ့အားနည်းချက်ကို အာသာချက်အဖြစ်ပြောင်းလဲမြင်ကြည့်ပေးပါ။
ဥပမာ- စကားအရမ်းများတဲ့ကလေးတစ်ယောက်ဆိုပါစို့(လူမှုဆက်ဆံရေးကောင်းတယ်၊ ပြောတတ်ဆိုတတ်တယ်လို့မြင်ကြည့်လို့ရပါတယ်။)အားနည်းချက်ကို ကောင်းတဲ့ရှု့ထောင်အမြင်နဲ့ ကြည့်ပေးခြင်းအားဖြင့်ကလေးရဲ့ အားနည်းချက်ကို ခွန်အားတစ်ခုအဖြစ်ပြောင်းလဲပေးနိုုင်ပါတယ်။
အကယ်၍သူတို့ရဲ့အားသာချက်ကလေးတွေမြင်ခဲ့ရင်လည်း သူတို့တွေကိုပြောပြပေးပါ။ကလေးတွေကသူတို့ရဲ့ အားသာချက်ကို မသိကြပါဘူး။ မိဘကကလေးရဲ့ ကောင်းတဲ့အကျင့် လုပ်ရပ်တွေကိုသူတို့အားပြောပြပေးခြင်းအားဖြင့် ကလေးတွေရဲ့ ယုံကြည်မှုကိုဖြစ်စေပြီး၊ သူတို့အနာဂတ်အတွက်ကောင်းကျိုးတွေရရှိစေမှာပါ။