Dear Working Mom

Dear Working Mom

ဒီနေ့ခေတ်မှာ ကလေးတဖက်၊ အလုပ်တဖက်နဲ့ Working Mom တွေအများကြီးရှိလာကြပါတယ်။ Working Mom တစ်ယောက်အနေနဲ့အိမ်မှုကိစ္စ၊ ကလေးဝေယျာဝစ္စ နဲ့ အလုပ် ဒါတွေအားလုံးကို ဟန်ချက်ညီညီလုပ်သွားနိုင်ဖို့ဆိုတာထင်ထားသလောက် မလွယ်ကူပါဘူးနော်။ ဒီဆောင်းပါးမှာတော့ Working Mom ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ အချက်တွေကိုဝေမျှပေးလိုက်ပါတယ်။

ခင်ပွန်းဖြစ်သူကို အိမ်မှုကိစ္စ၊ကလေးတာဝန်တွေကိုမျှဝေပေးပါ

ကျွန်မတို့အဖွား၊ အမေတွေခေတ်မှာတော့ အိမ်မှုကိစ္စ၊ ကလေးထိန်းကျောင်းမှုစတာတွေက အမေတစ်ယောက်ရဲ့အလုပ်တွေလို့သတ်မှတ်ကြပါတယ်။ အခုခေတ်မှာတော့ မိသားစုအတွက်အလုပ်လုပ်နေတဲ့ မေမေတွေအများကြီးရှိတာကြောင့် အိမ်မှုကိစ္စ၊ ကလေးထိန်းတဲ့အလုပ်တွေကို မေမေတစ်ယောက်ထဲရဲ့တာဝန်လို့သဘောမထားပဲ ဖေဖေတို့ကပါတတ်နိုင်သလောက်မျှယူပေးပါ။ တချို့သော ဖေဖေတွေ ကူညီပေးချင်ပေမယ့် ဘယ်လိုကူညီပေးရမှန်းမသိတဲ့သူတွေလည်းရှိတာကြောင့် မေမေတို့က ကူညီပေးစေချင်တဲ့ အကြောင်းကို ခင်ပွန်းဖြစ်သူနဲ့ ညှိနှိုင်းယူပါ။

အိမ်မှုကိစ္စတွေကို ကြိုတင်စီမံထားပါ

ဥပမာ- အလုပ်ပိတ်ရက်မှာ စျေးဝယ်ထားပြီး အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို ခုတ်ထစ်ထားပြီး စနစ်တကျသိုလှောင်ထားလို့ရပါတယ်။

ကလေးအတူရှိတဲ့အချိန်ကိုအလေးထားပေးပါ

Working Mom တွေဟာ ကလေးတွေနဲ့အတူရှိတဲ့အချိန်ကအလွန်နည်းပါးတဲ့အတွက် သူတို့လေးတွေနဲ့ အတူရှိတဲ့အချိန်မှာ အတူတူကစားပေးတာတို့ ပွေ့ဖက်ထားတာမျိုးတွေပြုလုပ်ပေးပါ။ Working Mom တွေမှာ stress ကလည်းအလွန်များတာ ကြောင့် မ​ကြာခဏစိတ်ထွက်ပေါက်ပေးပါ။ တစ်ခါတလေ ကလေးကိုခင်ပွန်းဖြစ်သူကိုကြည့်ခိုင်းပြီး အလှပြင်ဆိုင်၊ စျေးဝယ်ထွက်ခြင်း၊ သူငယ်ချင်းတွေနှင့်တွေ့ခြင်း စတဲ့ကိုယ်ပိုင်အချိန်တွေကိုယူဖို့လိုပါတယ်။ stress တွေရှိရင်လည်းတစ်ယောက်ထဲ မခံစားပဲ မိသားစု၊သူငယ်ချင်း နဲ့တိုင်ပင်ပြီးအကြံဥာဏ်ရယူပါ။

မေမေကိုယ်တိုင်က Working Mom ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှ မိသားစုလည်းပျော်ရွှင်နိုင်မှာဖြစ်လို့ အရမ်းကြီး မကြိုးစားလွန်းပဲကိုယ့်ကိုယ်ကိုလည်းဂရုစိုက်ပေးဖို့အကြံပေးချင်ပါတယ်။

Previous
Previous

ကလေးငယ် နေမကောင်းဖြစ်တဲ့အခါထားရှိသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထား

Next
Next

ကလေးငယ်နှင့် အိမ်သာအလေ့အကျင့်