Homemadeအစားအစာလေးတွေရဲ့ ကောင်းကျိုးများ

ကလေးငယ်နှင့် Homemade Foods

မေမေတို့အားလုံးMinglalarပါ။
Homemade Foods‌ပြင်ဆင်‌ပေးခြင်းနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေဝေမျှပေးခြင်ပါတယ်။မိမိရဲ့ကလေးလေးတွေအတွက်ကို ကိုယ်တိုင်ပဲအိမ်၌ပြင်ဆင်ချက်ပြုတ်ပေးခြင်းမှာ ကောင်းမွန်တဲ့အကျိုးရလဒ်များစွာရှိနေတယ်ဆိုတာကို မေမေတို့လဲသိကြမှာပါ။ ကလေးငယ်ဖြည့်စွက်စာစားချိန်မှစလို့ တဖြေးဖြေးအရွယ်ရလာတဲ့အထိ အိမ်လုပ်အစားအစာတွေကို ကြိုက်နှစ်သက်တဲ့ အလေ့အကျင့်လေးရအောင် လေ့ကျင့်ထားပေးသင့်ပါတယ်။

မိခင်များထဲမှာမှ အိမ်မှာနေရင်းပဲ ကလေးငယ်ကိုအချိန်ပြည့်ပြုစု‌နိုင်တဲ့ မိခင်များရှိသလိုပဲ အလုပ်လုပ်ရင်း ကလေးငယ်ပြုစုနေရတဲ့ Working Momsများလည်းအများအပြားရှိတာကြောင့် Homemade Foods‌ လေးတွေကိုအချိန်ပြည့်မပြင်ဆင် မပြုလုပ်‌ပေးနိုင်ရင်တောင်မှ မိမိတို့အားလုပ်တဲ့အချိန်လေးမှာ ပြင်ဆင်ပြုလုပ်ပြီးတော့ စနစ်တကျ သေချာခွဲခြမ်းသိမ်းဆည်းသိုလှောင်ထားနိုင်တဲ့ နည်းလမ်းအများအပြားလဲရှိနေပြီဖြစ်လို့ အတတ်နိုင်ဆုံး Homemade Foodsလေးတွေပြုလုပ်ပေးနိုင်ပါပြီ။

Homemadeအစားအစာလေးတွေရဲ့ ကောင်းကျိုးတွေအများကြီးထဲကမှ အချို့အချက်လေးတွေကိုလဲ ဝေမျှပေးချင်ပါတယ်။

၁။ အာဟာရဓါတ်တွေပြည့်စုံကြွယ်ခြင်း- ပြင်ဆင်ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေကို လတ်လတ်ဆတ်ဆတ်ရွေးချယ်နိုင်လို့ ကလေးအတွက် အာဟာရပြည့်ဝမှုတွေကိုပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဆီသုံးများခြင်း၊ အချိုမှုန့်အများအပြားသုံးစွဲခြင်းစတာကိုလဲ ရှောင်ရှားနိုင်ပြီး အာဟာရဓါတ်ပြည့်ဝတဲ့ကုန်ကြမ်းတွေကိုပဲ မိမိတို့စိတ်ကြိုက် အရသာရှိအောင် ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

၂။ ကုန်ကျစရိတ်သက်သာခြင်း -မိမိကိုယ်တိုင်အိမ်မှာ ပြင်ဆင်ဖြစ်တဲ့အစားအသောက်တွေရဲ့ကုန်ကျစရိတ်က Ready madeအသင့်စားအစားအသောက်တွေကိုဝယ်ယူရာမှကုန်ကျတဲ့ စရိတ်ထပ်အများကြီးသက်သာတာကတော့ အားလုံးအသိပါပဲ။

၃။ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာလဲမိမိကလေးငယ်နဲ့ ဓါတ်မတည့်တဲ့ အရာတွေကိုရှောင်ရှားပြီး ချက်ပြုတ်ပြင်ပေးနိုင်ပါတယ်။မိမိရဲ့ မီးဖိုဆောင်ကို မိမိကိုယ်တိုင်စီမံပြင်ဆင်ချက်ပြုတ်ရခြင်း ဖြစ်တဲ့အတွက် Food allergy caseတွေကိုလည်း အတတ်နိုင်ဆုံးရှောင်ရှားနိုင်ပါတယ်။

၄။ မိမိရင်သွေး၊မိသားစု လိုအပ်တဲ့ ပမာဏကိုသာ သိရှိတဲ့အတွက် စားမကုန်ပိုလျှံတဲ့ ပမာဏတွေကိုရှောင်ရှားနိုင်ပါတယ်။

၅။ အရသာရှိပြီး ကလေးနှစ်ခြိုက်တဲ့ Menus တွေကိုလည်းပြင်ဆင်ပေးနိုင်တဲ့အတွက်မိခင်နဲ့ ကလေး ကြားမှာချစ်ခင်ကြင်နာမှုတွေပိုမိုတိုးပွားခြင်း စတဲ့ ကောင်းကျိုးတွေကိုရရှိစေနိုင်ပါတယ်။

ရေးသားသူ- Thae Nu Aung(Mom Content Writer)

Previous
Previous

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေရင် ဘယ်လိုအစားတွေစားသင့်၊ မစားသင့်ဆိုတာ

Next
Next

You are the best MOM Vol.4