You are the best MOM Vol.4

မေမေတို့ရေ..

ကလေးတွေကို တခုခုဆုံးမတာပဲဖြစ်ဖြစ်၊ သတိပေးတာပဲဖြစ်ဖြစ် လုပ်တဲ့အခါမှာ ဘယ်လောက်ပဲပြောပြော နားမဝင်ဘူး၊ မထိရောက်ဘူး၊ နားမထောင်ဘူးဆိုတာမျိုးတွေကြုံဖူးမှာပါ။ ပြောတာတော့နားထောင်နေတဲ့ပုံပေါက်ပေမယ့်၊ တကယ်လက်တွေ့မှာပြောထားတဲ့အတိုင်းမလုပ်တဲ့အခါမှာ ဘာလို့အကြိမ်ကြိမ်သတိပေးထား၊ ဆုံးမထားရဲ့သားနဲ့ ဘာလို့များ နားမထောင်လဲလို့တွေးမိကြမှာပါနော် မေမေတို့ရေ။

တကယ်တော့ မေမေတို့အနေနဲ့ ဖြစ်စေချင်တာက တကယ်ပဲကလေးတွေကနားထဲမဝင်တာ၊နားမလည်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဓိကကတော့ မူကြိုအရွယ်ကလေးငယ်တွေပါ။ ၃.၄.၅နှစ်အရွယ်ကလေးငယ်တွေကို သတိပေးချင်တာ၊ ဆုံးမချင်တာမျိုးတွေရှိတဲ့အခါမှာ အတိုချုံးပြီးပြောပါ။ ဥပမာ- supermarket မှာ ကလေးကပြေးလွှားနေတယ်။ မေမေကလည်း တခြားသူတွေနဲ့တိုက်မိမှာစိုးတယ်လေ။ အဲ့လိုမျိုးအခါတွေမှာ အန္တရာယ်များလို့မပြေးနဲ့၊ သူများတွေကိုတိုက်မိကုန်မယ် စသည်ဖြင့် ဘာကြောင့်မပြေးစေချင်လဲဆိုတာကို နားလည်အောင်ပြောပြတတ်ကြပေမယ့်၊ ကလေးတွေအနေနဲ့ကျတော့အဲ့လိုအကြောင်းအရာ အရှည်ကြီးတွေကိုသူတို့နားမဝင်ပါဘူး။ ဒီလိုမျိုးအချိန်မှာ ပြောရမှာက လမ်းလျောက်ရအောင်လို့ ပဲတိုတိုတုတ်တုတ်ပြောပေးရမှာပါ။ မေမေတို့ကတော့ ဘာကြောင့်မပြေးစေချင်တဲ့အကြောင်းကို ကလေးနားလည်အောင်ရှင်းပြခြင်းထက်ကို အတိုချုံးပြီးပြောတာဟာ ကလေးတွေအပေါ်ပိုပြီးထိရောက်ပါတယ်။

မူကြိုအရွယ်ကလေးငယ်တွေရဲ့ ဦးနှောက်လေးတွေဟာခုမှဖွံ့ဖြိုးဆဲဖြစ်လို့ အကြောင်းအရာတွေအများကြီးပြောပြနေရင် တကယ်သိစေချင်၊ဖြစ်စေချင်တာကဘာလဲဆိုတာသူတို့နားလည်မှာမဟုတ်ပါဘူး။ မပြေးနဲ့၊ တိုက်မိမယ်၊ ပြောမယ့်အစား လမ်းလျှောက်နော်လို့ပြောတာ ဟာကလေးငယ်တွေကိုနားလည်လွယ်စေပါတယ်။ ဒါကြောင့် မေမေတို့လည်း ကလေးတွေကို သတိပေးတာပဲဖြစ်ဖြစ်၊ ဆုံးမတာပဲဖြစ်ဖြစ် ပြောချင်တာကို တိုတိုတုတ်တုတ်နဲ့ ပြောခြင်းကပိုမိုထိရောက်စေတဲ့အပြင် မေမေတို့ရဲ့စိတ်ဖိစီးမှုတွေကိုလည်းလျော့နည်းစေနိုင်ပါလိမ့်မယ်နော်။


Previous
Previous

Homemadeအစားအစာလေးတွေရဲ့ ကောင်းကျိုးများ

Next
Next

ဘယ်လိုအရာတွေက လေးဖက်သွားဖို့ နောက်ကျစေတတ်လဲ