ဘယ်လိုအရာတွေက လေးဖက်သွားဖို့ နောက်ကျစေတတ်လဲ

My Baby Is a Non Crawler

“သားလေးက လေးဖက်မသွားဘူးနော်” ဟုတ်ပါတယ် ဖင်ရွှေ့ဖင်ရွှေ့သွားနေတဲ့သားလေးကို မြင်တဲ့လူတိုင်းက ထူးဆန်းစွာကြည့်ကြတယ် "လေးဖက်လည်းမသွားဘူးနော်"ပြောကြတာပေါ့ အဲ့ဒါ သူ့အမေနဲ့တူတာလို့ သားရဲ့ဘွားဘွားက ကျွန်မငယ်ဘဝကို ပြန်ပြောပြခဲ့တယ် မိခင်ကျွန်မတုန်းကလဲ လေးဖက်မသွားခဲ့ဘူးလေ

ကလေး တချို့ ဘာကြောင့် လေးဖက်မသွားကြတာလဲ ?

ကလေးအများစုက လေးဘက်တွားသွားခြင်းကို ၆လ မှ ၁၂လ အတွင်း စတင်ကြတယ် တွားသွားခြင်းဟာ လမ်းလျှောက်ခြင်းမတိုင်ခင် ရောက်ရှိရမယ့် ဖွံ့ဖြိုးမှုမိုင်တိုင် တစ်ခုဆိုပေမယ့် တစ်ချို့ကလေးများကတော့ ဒူးထောက်ထားတဲ့ခံစားချက်ကို မကြိုက်နှစ်သက်ကြပါဘူး။ တွားမသွားဘဲ တခုခုကို ကိုင်တွယ်ပြီး မတ်တပ်စမ်းရပ်ချင်ကြတယ်။ လမ်းစမ်းလျှောက်တတ်ချင်ကြပါတယ်။ ဒီလို ဖွံ့ဖြိုးမှုမိုင်တိုင်တွေကို အဆင့်ကျော်တဲ့ အတွက် မိဘတွေ စိုးရိမ်ကြတာလဲ သဘာဝပဲ မဟုတ်လားရှင် လေးဖက်သွားရမယ့် အရွယ် မသွားလို့ ကလေးအတွက် မကောင်းဘူးလို့ ဆေးပညာအရ တိတိကျကျ သက်သေပြစရာလည်း မတွေ့ရှိသေးဘူးတဲ့နော်

ဝမ်းလျားမှောက်ဖို့ လေ့ကျင့်ပေးခြင်း(Tummy Time)လိုအပ်ပါသလား?

သားသားကို Tummy Time တစ်နေ့ နှစ်ကြိမ် သုံးကြိမ်လောက် လုပ်ပေးခဲ့ပါတယ်။ဝမ်းလျားမှောက်ကျင့်ပေးတဲ့အချိန်ဆို တအစ်အစ်နဲ့ အော်ပြီး ငိုမတတ်ပါဘဲ ပုံမှန်ဆို အငိုနည်းတဲ့ ကလေးတစ်ယောက်ပါ။ သားသားကို သနားလို့ ဆက်မကျင့်ဖြစ်ခဲ့ပါဘူး လေးဖက်သွားတဲ့အဆင့်ကျော်ပြီးသားသားက ဖင်ရွှေ့ဖင်ရွှေ့သွားခဲ့ပါတယ်။

ကလေးအထူးကုနှင့် ပြသဆွေးနွေးကြည့်မှ ဒါဟာ ပတ်ဝန်းကျင်ကို မတူညီတဲ့ လေ့လာခြင်းတစ်မျိုးဖြစ်ကြောင်း သိရှိခဲ့ရတယ်။ ဒီမေမေလည်း စိတ်အေးခဲ့ရပြီပေါ့ ။ ကလေးတွေကို Tummy Time က လုပ်ပေးသင့်ပါတယ်နော်၊ ဒါမှလည်း လည်ပင်း၊ ပုခုံး ၊လက်မောင်း နှင့် ကျောရိုးကြွက်သားတွေကို ပိုသန်မာလာစေတဲ့အပြင် ကလေးငယ်ဟာ ခေါင်းထောင်နိုင်ခြင်း၊ထိုင်နိုင်ခြင်း၊တွားသွားခြင်း၊မတ်တပ်ရပ်နိုင်ခြင်းနှင့် လမ်းလျှောက်ရာတွင် အထောက်အပံ့အများကြီး ဖြစ်ပါတယ်ရှင် ဝမ်းလျားမှောက်ကျင့်ပေးတဲ့ အချိန်တွင် ကလေးငယ်အား သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားများ ဝတ်ဆင်ပေးပါ။ ဘေဘီလေး လှုပ်ရှားရ လွယ်ကူစေဖို့ Diaperမဝတ်ထားပေးပါနဲ့နော်

ဘယ်လိုအရာတွေက လေးဖက်သွားဖို့ နောက်ကျစေတတ်လဲ ?

လမစေ့ပဲ မွေးဖွားခဲ့သော ကလေးငယ်များ အဝလွန်သော ကလေးငယ်များ Cerebral Palsy အာရုံကြောထိခိုက်တဲ့ရောဂါမျိုးရှိသော ကလေးငယ်များ မွေးရာပါ ခြေထောက်ပြားလွန်းနေခြင်း(Flat Foot)ဖြစ်နေပါက လေးဖက်သွားဖို့ နောက်ကျတတ်ပါတယ် ဘယ်လိုအချိန်တွေမှာ လေးဖက်မသွားရင် ဆရာဝန်ပြသင့်သလဲ Stiff Baby Syndrome (SBS)နှင့် Hypertonic Muscle ဖြစ်နေတဲ့ ကလေးတွေရဲ့ ကြွက်သားများက လှုပ်ရှားမှု မူမမှန်ခြင်းနှင့်ပုံမှန်ထက် လှုပ်ရှားရာတွင် အခက်အခဲ ရှိတာမို့လို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်နော် ဘေဘီလေးတို့ရဲ့ ဖွံ့ဖြိုးမှု မိုင်တိုင်များ (Developmental Milestones) နောက်ကျတာ ၊အဆင့်ကျော်တာမျိုးတွေရှိရင် မေမေတို့ ဘယ်လို ဖြတ်သန်းကြသလဲဆိုတာ ဒီနေရာလေးမှာ မေမေအချင်းချင်း မျှဝေသွားကြရအောင်နော်

ရေးသားသူ_ Hnin Oo Yee(Mom Content Writer)


Previous
Previous

You are the best MOM Vol.4

Next
Next

အစားအသောက်နဲ့ ကျန်းမာလှပတဲ့အသားအရေရယူကြမယ်